wwt(9)

ရေဆိုးသန့်စင်စနစ်ပါမိလ္လာကန်များ၏ လုပ်ဆောင်ချက်များမှာ BOD (ရေဆိုး)ကို ၂၀ အောက်ရောက်အောင် လုပ်ဆောင်ပေးခြင်း ဖြစ်ပါသည်။ BOD (ရေဆိုး) ဆိုသည်မှာ Biochemical Oxygen Demand ရေတွင်းရှိ အောက်ဆီဂျင်လိုအပ်ချက်ဟု အဓိပ္ပာယ်ရပါသည်။ BOD (ရေဆိုး) များလေ ရေနေသက်ရှိများ ရှင်သန်ရန်အတွက် ပိုခက်လာပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါသည်။ BOD (ရေဆိုး) နည်းလေ ရေနေသက်ရှိများ၊ လူနေမှုပတ်ဝန်းကျင်အတွက် ပိုကောင်းလေ ဖြစ်ပါသည်။ ကျွန်တော်တို့ လူသားများသည် နေ့စဉ်နေ့တိုင်း ပုံမှန်ရေအသုံးပြုမှုမှာ BOD ၂၀၀ တွင် ၃၀၀ ဖြစ်ပေါ်လျက်ရှိပါသည်။ လေ့လာတွက်ချက်မှုအရ လူတစ်ဦးသည် တစ်နေ့လျှင် ရေအသုံးပြုမှုမှာ အိမ်သာအသုံးပြုမှုရာတွင် လီတာ ၂၀၊ မီးဖိုချောင်တွင် လီတာ ၃၀၊ အဝတ်လျှော်ရာတွင် လီတာ ၄၀၊ ရေချိုးရာတွင် လီတာ ၅၀၊ လက်ဆေးရာတွင် လီတာ ၂၀ နှင့် အခြားသန့်စင်ရာတွင် လီတာ ၁၀ စုစုပေါင်း လီတာ ၂၀၀ အသုံးပြုလျက်ရှိသည်။

ထိုင်းနိုင်ငံမှ တင်သွင်းရောင်းချသော ရေဆိုးသန့်စင်စနစ်ပါမိလ္လာကန်များ၏ အဓိက လုပ်ဆောင်ချက်မှာ BOD ၂၀၀-၃၀၀ ကို BOD လီတာ ၂၀ အောက် လျော့ချပေးခြင်း ဖြစ်သည်။ အဆင့်ဆင့်အလုပ်လုပ်ပုံမှာ မိမိနေထိုင်သော နေအိမ်တစ်အိမ်လုံးမှ အသုံးပြု၍ ဝင်လာသော ရေဆိုးများတွင် ပါလာသည့် အမှိုက်များကို ဖယ်ရှားပေးပါသည်။ လေမရှိသောနေရာတွင် အသက်ရှင်သော Bacteria များနှင့် ရေဆိုးများကို ချေဖျက်သန့်စင်ပေးပြီး လေရှိသောနေရာတွင် အသက်ရှင်သော Bacteria များဖြင့် နောက်တစ်ကြိမ် ချေဖျက်စေပြီး နောက်ဆုံးတွင် ရေစစ်ကန်သို့ ပေးပို့ပေးပါသည်။ ရေစစ်ကန်မှ အနည်များကို အစကန်သို့ ပြန်ပို့ပြီး နောက်တစ်ကြိမ် ချေဖျက်သန့်စင်စေပါသည်။ သန့်စင်ပြီးသောရေများကို chlorination box တွင် ဖြတ်စေသောကြောင့် အနံ့အသတ်ဆိုးများကို ပျောက်စေပြီး ရေနေသက်ရှိများ နှင့် ပတ်ဝန်းကျင်အတွက် ကောင်းမွန်သော BOD ၂၀ အောက်ရှိသော ရေများကို ရရှိစေပါသည်။

ထိုင်းနိုင်ငံမှ တင်သွင်းရောင်းချသော ရေဆိုးသန့်စင်စနစ်ပါမိလ္လာကန်များသည် –

  • မိလ္လာကန်အဖြစ်သာ မဟုတ်ဘဲ မီးဖိုချောင်၊ အိမ်သာ၊ အဝတ်လျှော်ခြင်း နှင့် ရေချိုးခန်း အပါအဝင် ထွက်ရှိသော မည့်သည့်ရေဆိုးမျိုးမဆို သန့်စင်ပေးနိုင်သည့် ” ရေဆိုးသန့်စင် စနစ်ပါ ” ကန် ဖြစ်ပါသည်။
  • နိုင်ငံတကာတွင် လက်ရှိအသုံးပြုလျက်ရှိသော စနစ်များစွာရှိသည့်အနက်မှ –
    • အောက်ဆီဂျင် ” မဲ့ ” သန့်စင်ခြင်း (Anaerobic System)
    • အောက်ဆီဂျင်ဖြင့် သန့်စင်ခြင်း (Aerobic System)
    • အနည်ထိုင်ခြင်း (Sedimentation)
    • ပိုးမွှားသန့်စင်ခြင်း (Disinfection)

အထက်ပါစနစ်များအား တစ်မျိုးခြင်းဖြစ်စေ၊ အလုံးစုံဖြစ်စေ သုံးစွဲသူစိတ်ကြိုက် ရွေးချယ်တပ်ဆင်နိုင်ပါသည်။

  • ရေဆိုးသန့်စင်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း အဝင် BOD (Biochemical Oxygen Demand) 260 mg/L တွင် ရေဆိုးဖယ်ထုတ်နိုင်မှု > 90% သန့်စင်ပြီး BOD < 20 mg/L အထိ သန့်စင်ပေးနိုင်သည့်အတွက် ကုန်ကျစရိတ်နှင့် အချိန်ကို သက်သာစေပါသည်။
  • တစ်ကိုယ်ရေအိမ်သုံး မှ ကွန်ဒိုတိုက်ခန်းများ၊ စက်ရုံ၊ ဟိုတယ် များအထိ အသုံးပြုနိုင်သော ရေဆိုးသန့်စင်စနစ်ပါ ကန်များ ရရှိနိုင်ပါသည်။
  • စက်ရုံ၏ နှစ် (၃၀) အတွေ့အကြုံ များနှင့်အတူ နိုင်ငံတကာအသိအမှတ်ပြု (ISO 9001 : 2008)၊ ထိုင်းနိုင်ငံ အသိအမှတ်ပြု (TIS 435 -2525) လက်မှတ်အပါအဝင် အသိအမှတ်ပြု လက်မှတ်များစွာ ရရှိထားခြင်းကြောင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
  • FRP (Fiberglass Reinforced Plastic) ကန်များနှင့် LLDPE (Linear Low Density Polyethylene) ကန်များအား စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါသည်။

ရေဆိုးသန့်စင်စနစ်ပါမိလ္လာကန်များကို ထိန်းသိမ်းရန်အတွက် လိုအပ်သောအချက်များမှာ –

  1. အမှိုက်ကန်ပြည့်မပြည့် စစ်ပေးခြင်း
  2. လေမှုတ်စက် (လေနှင့်အသက်ရှင်သော Bacteria များအတွက်)
  3. chlorine ဖြည့်ပေးခြင်း
  4. ထွက်လာသောရေများကို BOD ၂၀ အောက် ရောက်ရှိမှု ရှိမရှိ စစ်ပေးခြင်း တို့ဖြစ်ပါသည်။

ရေသည် ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်ရှိသော သက်ရှိသတ္တဝါတိုင်းအတွက် အရေးပါဆုံးဖြစ်သည်။ ထို့ကြောင့် ရေဆိုးများကို သန့်စင်ပေးခြင်းဖြင့် မိသားစုတစ်ခုလုံးအတွက်သာမကဘဲ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး နှင့် တစ်ကမ္ဘာလုံးအတွက် သန့်ရှင်းကျန်းမာ ကောင်းမွန်စေပါသည်။ ထို့ကြောင့် ဈေးနှုန်းသင့်တင့်မျှတမှုရှိပြီး လူနေမှုပတ်ဝန်းကျင်အတွက် အထူးသင့်လျော် ကောင်းမွန်သော ထိုင်းနိုင်ငံမှ တင်သွင်းရောင်းချသည့် ရေဆိုးသန့်စင်စနစ်ပါမိလ္လာကန်များကို အသုံးပြုရန်အတွက် တိုက်တွန်းအပ်ပါသည်။