လုပ်ငန်းအကြောင်း

ကျွန်တော်တို့ K PIONEER FIBER TECH CO., LTD အား ၂၀၁၁ ခုနှစ်၌ Pioneer Fiber Glass Production အမည်ဖြင့် စတင် တည်ထောင်ခဲ့ပါသည်။ စက်မှု ဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ပုဂ္ဂလိက စက်မှုလုပ်ငန်း မှတ်ပုံတင်အမှတ် စက/လတ်/၁၈၃၄ အား ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့ပါသည်။ ထို့နောက် ၂၀၁၅ ခုနှစ်တွင် အမျိုးသားစီမံကိန်း နှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၌ K PIONEER FIBER TECH CO., LTD အမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင် ပြုလုပ်နိုင်ခဲ့ပါသည်။

ကျွန်တော်တို့ ကုမ္ပဏီအတွက် လိုအပ်သော နည်းပညာ နှင့် ကုန်ကြမ်းတို့အား ထိုင်းနိုင်ငံမှ မိတ်ဖက် ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် ရရှိလျက်ရှိပါသည်။ ကုန်ကြမ်းပစ္စည်းများကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်း နှင့် ကိုက်ညီသည့် ကုန်ကြမ်းများကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်း၍ သုံးစွဲလျက်ရှိပါသည်။

စတင်တည်ထောင်ချိန်မှ ယနေ့အချိန်အထိ ရေတိုင်ကီ အရွယ်အစားမျိုးစုံ အရေအတွက် (၁၀၀၀၀၀) ကျော် ထုတ်လုပ်ရောင်းချပြီး ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်တွင် မြစ်ကြောင်းသုံး ဖိုင်ဘာမော်တာများအား ရန်ကုန်ရေကြောင်းသိပ္ပံ ပညာရှင်များနှင့် ပူးပေါင်း၍ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ကုမ္ပဏီအနေဖြင့် ကုန်သွယ်မှုအရ ၂၀၁၅ ခုနှစ်မှ စ၍ Waste Water Treatment System များနှင့် Drinking Water Treatment Plant Using Osmosis System များအား ထိုင်းနိုင်ငံမှ တင်သွင်းဖြန့်ချိခဲ့ပါသည်။

ကျွနိုပ်တို့ကုမ္ပဏီမှ ထုတ်ကုန်များနှင့် တင်သွင်းပစ္စည်းများအား မြန်မာနိုင်ငံ အနှံအပြားသို့ ဖြန့်ချိရောင်းချလျက်ရှိပါသည်။

ကုမ္ပဏီအနေဖြင့် အောက်ပါဖော်ပြပါ လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိပါသည်။

  • ထုတ်လုပ်ခြင်း နှင့် ဝန်ဆောင်မှုလုပ်ငန်း
    • ဖိုင်ဘာရေတိုင်ကီ ထုတ်လုပ်ခြင်း (၂၅ ဂါလံ မှ ၂၀၀၀၀ ဂါလံ နှင့် အထက်)
    • ဖိုင်ဘာရေဆိုးသန့်စင်စနစ်ပါ မိလ္လာကန်များ (အောက်ဆီဂျင်ပါ နှင့် အောက်ဆီဂျင်မဲ့)
    • ဖိုင်ဘာ ရွေ့ လျားအိမ်သာများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဌားရန်းခြင်း
    • ဖိုင်ဘာ မော်တာဘုတ် (မြစ်ကြောင်းသွား နှင့် အင်း၊ ကန် သုံး)
    • စက်မှုလုပ်ငန်းသုံး ဓာတုဗေဒသုံးကန်များနှင့် အခြားပစ္စည်းများ
    • ဖိုင်ဘာ ပရိဘောဂများနှင့် အခြား ဖိုင်ဘာပစ္စည်းများ
    • သုံးစွဲသူ စိတ်တိုင်းကျ မှာယူသော အော်ဒါများ
  • ကုန်သွယ်မှု
    • ရေဆိုးသန့်စင်စက်များ (ထိုင်းအမှတ်တံဆိပ်)
    • ရေသန့်စင်စက်သုံး ပစ္စည်းများ (ထိုင်းအမှတ်တံဆိပ်)
    • ဖိုင်ဘာထုတ်လုပ်ရေးကုန်ကြမ်းများ (ထိုင်းအမှတ်တံဆိပ်)

ကုမ္ပဏီ၏ အသေးစိတ်အချက်အလက်များ

ကုမ္ပဏီအမည် : K PIONEER FIBER TECH CO., LTD

စတင်တည်ထောင်သောနှစ် : 2011

ဝန်ထမ်းအင်အား : 50 – 70

ကုမ္ပဏီလိပ်စာ : အကွက် (၆)၊ ပုဏ္ဏမီလမ်း နှင့် ၅ လမ်းကြား၊ လမ်း ၂၀၊ စက်မှုဇုန် (၂)၊ မုံရွာမြို့ ။

071-25760, 09-2025091, 09-402621767

မန္တလေးရုံးခွဲ : အမှတ် (E-10) ဆောက်လုပ်ရေးတိုက်တန်း၊ ရန်ကုန်-မန္တလေးလမ်း၊ ချမ်းမြသာစည်မြို့ နယ်၊ မန္တလေးမြို့ ။